
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀)ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ ရေကင်းကျန် ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၁-၆-၂၀၂၀)ရက်နေ့၊ (၀၉း၃ဝ)နာရီအချိန်တွင် ထွေအုပ်ရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_jun2020