Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံး၊ လေဘေးသင့် အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်ဖိုးစာထောက်ပံ့ငွေ (၅၀၄၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၃၀၀ေ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၂၂၃၄၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #mgy_jun2020
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ဖန်ခါးပင်ကျေးရွာရှိ အိမ်ထောင်စု(၁၄၀)စုနှင့် တယ်ပင်ကျိုးကျေးရွာရှိ အိမ်ထောင်စု(၉၈)စုတို့အတွက် သောက်ရေ (၂၀)လီတာ (၉၅၂)ဗူး၊ စုစုပေါင်း (၄၇၆၀)ဂါလံ အား ( ၁.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀) အချိန်တွင် သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #bgo_jun2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာတွင် (၂၈-၅-၂၀၂၀)ရက်၊ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၁၂၆၀၀) ကျပ်အား (၁-၆-၂၀၂၀) ရက်၊ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စု၊ ကျေးရွာ (၄၅) ရွာတို့၌ (၂၈- ၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၉) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၉၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၇၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၂၁၀ဝ/-) ကျပ်၊ … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာ၌ (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅,၀၀ဝ/-)ကျပ် တို့ကို (၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့(၂၀:၀၀)နာရီ အချိန်၌ ပခုက္ကူမြို့နယ်၊ ရွှေဒါးကျေးရွာအုပ်စု၊ ရွှေဒါးကျေးရွာတွင် ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၅,၀၀ဝိ/-) ကျပ်၊ လူဦး ရေ(၁၃)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝိ/-) ကျပ်၊ စုစုပေါင်းကယ်ဆယ် ထောက်ပံ့ငွေ(၁၄၂,၃၀ဝိ/-) ကျပ်အား (၁-၆-၂၀၂၀) ရက်နေ့၊ (၁၁:၁၁)နာရီအချိန်တွင် တာဝန်ရှိသူ များရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2020









