လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာတွင် (၂၈-၅-၂၀၂၀)ရက်၊ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၁၂၆၀၀) ကျပ်အား (၁-၆-၂၀၂၀) ရက်၊ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_jun2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)