လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံး၊ လေဘေးသင့် အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်ဖိုးစာထောက်ပံ့ငွေ (၅၀၄၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၃၀၀ေ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၂၂၃၄၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#mgy_jun2020

Sign Up

Upcoming Events