လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ဖန်ခါးပင်ကျေးရွာရှိ အိမ်ထောင်စု(၁၄၀)စုနှင့် တယ်ပင်ကျိုးကျေးရွာရှိ အိမ်ထောင်စု(၉၈)စုတို့အတွက် သောက်ရေ (၂၀)လီတာ (၉၅၂)ဗူး၊ စုစုပေါင်း (၄၇၆၀)ဂါလံ အား ( ၁.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀) အချိန်တွင် သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#bgo_jun2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)