လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စု၊ ကျေးရွာ (၄၅) ရွာတို့၌ (၂၈- ၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၉) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၉၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၇၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၂၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၆၃၂,၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာတို့အား (၁-၆-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_Jun2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)