ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈/၂၉/၃၀-၅-၂၀၂၀) ရက်နေ့များတွင် သာယာဝခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု၁၄စုမှ‌ကျေးရွာ၂၁ရွာ၊ ရပ်ကွက်၃ခုတို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့်အမိုးလန်နေအိမ်(၁၁၄)လုံး၊ ပြိုလဲနေအိမ်(၁၇) လုံးတို့အတွက်အိမ်ဆောက်ပစည်းဖိုးထောက်ပံ့ငွေ (၅,၆၇၅,၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ်များမှ လူဦးရေ (၇၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၉,၁၀၀) ကျပ်၊ သစ်ပင်ပိသေဆုံးသူ ဘုန်းကြီး (၁)ပါးအတွက် (၃၀၀,၀၀၀/-)ကျပ်၊ (၃၁-၅-၂၀၂၀)ရက်နေ့တွင် အောက်လက်ပံခုန်ကျေးရွာ အုပ်စုတွင် မိုးကြိုးဘေးသင့်သေဆုံးသူအတွက် (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ( ၆,၄၂၄,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁၇) … Read more

  • မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာအုပ်စု၊ လဲပင်ကျင်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာအုပ်စု၊ လဲပင်ကျင်းကျေးရွာ၌ (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေစုစုပေါင်း (၃၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၉၈၀ဝိ/-) နှင့် နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၃၀ဝဝိ/-)၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၃၂၈၀ဝိ/-) တိတိအား (၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးသင့် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သရက်​တောကျေးရွာ၌ (၃၀.၅.၂၀၂၀)ရက်နေ့၊ ညနေ(၂၀၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၃)ဦး၊မ(၃)ဦး၊ စုစုပေါင်း(၆)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ(၁၂၆၀၀ိ/-)၊ စုစုပေါင်း(၄၂၆၀၀ိ/-)ကို (၁.၆.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ထန်းတပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_jun2020 Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာရဖုံကျေးရွာအုပ်စု၊ အနောက်သာရဖုံကျေးရွာ၌ (၃၀-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာကို (၁-၆-၂၀၂၀) ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၁၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၆၆၇၀ဝ/-)ကျပ်၊ အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၆၄၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၁၁၃၀၇၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • IDPs စခန်းများ၌ Covid-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ hand speaker နှင့် Memory Stick များထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၆. ၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင် မြို့နယ်အတွင်းIDP(camps) ၃ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း၊ ကာလိုင်၁၊ ကာလိုင်၂၊ စခန်းတစ်ခုလျှင် Hand Speaker(၁)ခု၊ Memory Stick(၁)ခုနှုန်းဖြင့် စုစုပေါင်း Hand Speaker(၃)ခု၊ Memory Stick(၃)ခု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_jun2020 Source:           ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)