လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာအုပ်စု၊ လဲပင်ကျင်းကျေးရွာ၌ (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေစုစုပေါင်း (၃၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၉၈၀ဝိ/-) နှင့် နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၃၀ဝဝိ/-)၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၃၂၈၀ဝိ/-) တိတိအား (၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)