လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၁၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၆၆၇၀ဝ/-)ကျပ်၊ အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၆၄၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၁၁၃၀၇၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#mgy_jun2020

Sign Up

Upcoming Events