လေဘေးသင့် ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သရက်​တောကျေးရွာ၌ (၃၀.၅.၂၀၂၀)ရက်နေ့၊ ညနေ(၂၀၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၃)ဦး၊မ(၃)ဦး၊ စုစုပေါင်း(၆)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ(၁၂၆၀၀ိ/-)၊ စုစုပေါင်း(၄၂၆၀၀ိ/-)ကို (၁.၆.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ထန်းတပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_jun2020

Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events