လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈/၂၉/၃၀-၅-၂၀၂၀) ရက်နေ့များတွင် သာယာဝခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု၁၄စုမှ‌ကျေးရွာ၂၁ရွာ၊ ရပ်ကွက်၃ခုတို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့်အမိုးလန်နေအိမ်(၁၁၄)လုံး၊ ပြိုလဲနေအိမ်(၁၇) လုံးတို့အတွက်အိမ်ဆောက်ပစည်းဖိုးထောက်ပံ့ငွေ (၅,၆၇၅,၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ်များမှ လူဦးရေ (၇၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၉,၁၀၀) ကျပ်၊ သစ်ပင်ပိသေဆုံးသူ ဘုန်းကြီး (၁)ပါးအတွက် (၃၀၀,၀၀၀/-)ကျပ်၊ (၃၁-၅-၂၀၂၀)ရက်နေ့တွင် အောက်လက်ပံခုန်ကျေးရွာ အုပ်စုတွင် မိုးကြိုးဘေးသင့်သေဆုံးသူအတွက် (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ( ၆,၄၂၄,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁၇) လုံးအတွက် ထောက်ပံ့ပစ္စည်း (၁၆) မျိုးပါ(၁၇)ပုံးတို့အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမတွင်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်မှတာဝန်ရှိသူများ၊‌ ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: : ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_jun2020

Sign Up

Upcoming Events