Latest News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ရွာမွန်သာကျေးရွာအုပ်စု၊ ရွာမွန်သာကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ် ပေါ်နေခြင်းအတွက် သောက်သုံးရေဂါလန်(၁၇,၀၀) ကိုသွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_jun2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ ဧရာဝတီမြစ်ကမ်းတာမိုင် (၄၆/၁)နှင့် (၄၆/၃)အကြား မြစ်ကမ်းပါးနှင့် ရေကာတာ ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ ဧရာဝတီမြစ်ကမ်းတာမိုင် (၄၆/၁)နှင့် (၄၆/၃)အကြား မြစ်ကမ်းပါးနှင့် ရေကာတာ ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စုမှ လူဦးရေ(၃၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၆၃၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၀၀၀၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၆၃၀၀ဝိ/-)အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအုပ်စု၊ ရပ်ကွက်အမှတ်(၄)၊ (၅)၊ (၆)၊ (၇) တို့၌ သောက်သုံးရေခက်ခဲသော အိမ်ထောင်စု(၁,၁၁၇) စုအား သောက်သုံးရေဂါလံ (၆၀,၀၀၀) အတွက် ရေဖိုးထောက်ပံ့ငွေ (၁၃၅,၀၀၀/-) ကျပ်အား ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်တို့နှင့်အတူ (၅-၆-၂၀၂၀)ရက်နံနက်(၁၁:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်ရှိ အိမ်ထောင်စု များအတွက် သောက်သုံးရေ ဂါလန် (၁၂၀၀)ပါရေကား(၁)စီးနှင့် မွန်းလွဲ(၁:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်ရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေဂါလန် (၁၂၀၀)ပါရေကား (၁)စီးတို့အား သွားရောက်ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_jun2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၆-၂၀၂၀)ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် ရွာသစ်ကြီးကျေးရွာအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၈,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တို့အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူ များနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀)ရက်နေ့၊(၁၅:၀၀)နာရီအချိန်၌ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကညင်တိုင်း ကျေးရွာအုပ်စု၊ လဲလူကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-) ရန်ပုံငွေစုစုပေါင်း(၅၀၀၀၀၀/-)အား (၅-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အုပ်ချုပ် ရေးမှူးများရှေ့မှောက် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #mgy_jun2020









