လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအုပ်စု၊ ရပ်ကွက်အမှတ်(၄)၊ (၅)၊ (၆)၊ (၇) တို့၌ သောက်သုံးရေခက်ခဲသော အိမ်ထောင်စု(၁,၁၁၇) စုအား သောက်သုံးရေဂါလံ (၆၀,၀၀၀) အတွက် ရေဖိုးထောက်ပံ့ငွေ (၁၃၅,၀၀၀/-) ကျပ်အား ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#sgg_jun2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)