Latest News
-
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ ယာယီ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်အတူလိုက်ပါလျက် တနိုင်းမြို့နယ်ရှိ ယာယီ IDPs စခန်းများဖြစ်သော KBC၊ RC၊ COC၊ AG ဘုရားကျောင်းများ၌ နေထိုင်ကြသည့်တိုက်ပွဲရှောင် အိမ်ထောင်စု(၃၅၄)စု၊ လူဦးရေ(၁၅၉၃)ဦးတို့အား ဆန်(၄၉၇)အိတ် (၁၈)ပြည်၊ ဆီ(၇၀၈)ပိဿာ၊ ပဲ(၇၀၈)ပိဿာ၊ ဆား(၃၅၄)ပိဿာတို့အား ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_jun2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တနိုင်း KBC၊ တနိုင်း RC စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာ(၉၅၂)ခဲ၊ ထုံး(၂၀)အိတ်၊ လက်သန့်ဆေးရေ(၄၀)ဘူး၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ Hand Speaker (၂)ခု၊ Memory Stick (၂)ခု၊ Mask (၁၂၉၈)ခု၊ နှာခေါင်းစည်းတပ်ဆင်နည်း အသိပညာပေးဗွီနိုင်းပိုစတာ(၂)ခုတို့အား သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_jun2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးမြို့၊ အဝိုင်းပတ်၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၇-၆-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီမှ (၀၉:၀၀) နာရီအချိန်ထိ COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် မင်းဘူးမြို့၊ အဝိုင်းပတ်၌ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ဒဏ်ငွေပေးဆောင်စေပြီး Mask တပ်ဆင်စေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်နေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၆-၆-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၌ (၅-၆-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နံကပ်(၂)ထပ် တစ်စိတ်တစ်ပိုင်းပျက်စီး (၁)အိမ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)ပုံးနှင့် ဆန်ရိက္ခာဖိုး(၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀) ကျပ်တိတိအား (၆-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_jun2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံမြို့နယ်၊ ပက်ပြဲကျေးရွာ၊ အထက(ခွဲ)ပက်ပြဲ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် (Multi-Purpose Shelter) အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပက်ပြဲကျေးရွာ၊ အထက(ခွဲ)ပက်ပြဲ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်် တည်ဆောက်ပြီးစီးသည့် (Multi-Purpose Shelter) ကို ဖျာပုံမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံ လွှဲပြောင်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









