လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၌ (၅-၆-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နံကပ်(၂)ထပ် တစ်စိတ်တစ်ပိုင်းပျက်စီး (၁)အိမ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)ပုံးနှင့် ဆန်ရိက္ခာဖိုး(၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀) ကျပ်တိတိအား (၆-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)