မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းနှင့် ထုံးဖိုကျေးရွာအုပ်စု၊ ကျေးရွာ(၆)ရွာ တို့တွင် လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၂.၂၀၂၆)ရက်နေ့တွင်တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းနှင့် ထုံးဖိုကျေးရွာအုပ်စု၊ ကျေးရွာ(၆)ရွာတို့တွင်ဖြစ်ပွားခဲ့သော လေပြင်း‌ဘေး ကြောင့်၊  တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၅၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ထောက်ပံ့‌ငွေ (၂၅၀၀၀၀၀ိ/-)အား (၂၂.၂.၂၀၂၆)ရက်နေ့၊(၀၉း၃၀)အချိန်တွင် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_feb_2026 #Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အေးချမ်းသာစံပြကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ်ရှိအေးချမ်းသာစံပြကျေးရွာ၌ (၂၃.၂.၂၀၂၆)ရက်နေ့၊(၁၀:၀၀)အချိန်တွင်လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာအားဖြည့်ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီးအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ညွန်ကြား‌ရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အိမ်ထောင်စုများအား Hygiene Kits (၁၀၀)ပုံးတို့ကိုဝေငှပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #npw_mar_2026 #Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)    

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌‌ ဆည်ကန်(အနောက်)ကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု (၃၀)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများအား (၂၈-၂-၂၀၂၆)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #npw_feb_2026  Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊‌ မြောက်ရွေးစုကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊‌ မြောက်ရွေးစုကျေးရွာ၌ (၂၈-၂-၂၀၂၆)ရက်နေ့(၁၂း၁၅) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦး​ရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၅၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၅၀၀ဝိ/-)ကျပ်တို့အား (၁-၃-၂၀၂၆)ရက်နေ့၊ (၁၃း၀၀)အချိန်တွင် မြို့နယ်အ‌ထွ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့်အတူ‌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_mar_2026 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၁/၂၀၂၆)

    ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၀:၁၅) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၁/၂၀၂၆)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။      မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန် များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ … Read more

  • ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၅-၂-၂၀၂၆ ရက်နေ့ (၀၉း၃၀)အချိန်မှ (၁၀:၃၀)နာရီအထိ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သီလရှင်လေးများ၊ အဘိုးအဘွား (၅၀) ဦးနှင့် ဆရာမ (၁၅) ဦး၊ ဝန်ထမ်း(၂၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ # ar #‌ygn_Feb_2026 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)