Latest News
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅)”ကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅) (က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမို အားကောင်းလာပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါ သည်- လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံတောင်ပိုင်း စွန်း ကိုမိုရင်းဧရိယာ (Comorin area) နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော သီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်း … Read more
-
မြဝတီမြို့ရှိ အမှတ်(၁) ရပ်ကွက်၊ ခွန်ဆာဝန်း၊ အောက်ဂျိုင့်၊ ကမ်းနားဈေးတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၅) ရက်နေ့တွင် မြဝတီမြို့ရှိ အမှတ်(၁) ရပ်ကွက်၊ ခွန်ဆာဝန်း၊ အောက်ဂျိုင့်၊ ကမ်းနားဈေးတို့၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyn_nov_2025 Source: မြဝတီခရိုင်ဦးစီးမှူးရုံး
-
မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၅)ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် ထိပ်တန်းဟိုတယ် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သူ(၂)ဦးအတွက် သေဆုံးရန်ပုံငွေ(၆၀၀,၀၀ဝိ/-)အား (၂၀-၁၁-၂၀၂၅)ရက်နေ့တွင် သေဆုံးသူမိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # fir #kayin_November_2025 Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘားအံမြို့နယ်ရှိ အမှတ်(၇၊ ၈)ရပ်ကွက်၊ တရုပ်လှကျေးရွာ၊ ဘားကပ်ကျေးရွာနှင့် ဘားကပ်ဈေးတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၅)ရက်နေ့တွင် ဘားအံမြို့နယ်ရှိ အမှတ်(၇၊ ၈)ရပ်ကွက်၊ တရုပ်လှကျေးရွာ၊ ဘားကပ်ကျေးရွာနှင့် ဘားကပ်ဈေးတို့၌ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_nov_2025 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၅ )ရက်နေ့၊ နံနက် (၉း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဥတ္တရသီရိမြို့နယ်၊သရက်တောကျေးရွာအုပ်စု၊ အ.ထ.က (သရက်တော) တွင် ကျောင်း သားကျောင်းသူ (၂၅၀) ဦးနှင့် ဆရာဆရာမ (၁၅)ဦးတို့အား ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပြီး၊ နေ့လည်(၁၃:၀၀)အချိန်မှ (၁၆:၀၀)အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာများတွင် ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ … Read more









