Latest News
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၊ ထားဝယ်ကမ်း (၂) ရပ်၊ စိတ္တလမ်း၌ (၃၀-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၃) မျိုး (၃) အိမ်ထောင်စာနှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅,၇၀၀/-) ကျပ်တို့အား (၁-၇-၂၀၂၀) … Read more
-
Covid-19 လတ်တလောရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်း မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁.၇.၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာ၊ ဝင်းက ဖော်ကျေးရွာ၊ ကျွဲခြံ၊ အလယ်စု၊ ဗျတ်ဝိသားကျေးရွာတို့တွင် လော်စပီကာ၊Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက် ခဲ့ပြီး လက်ကမ်းစာစောင် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၉/၁၀၃) တွင် (၃၀-၆-၂၀၂၀) ရက်နေ့(၁၃:၃၅)အချိန်၌ ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄,၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ Family Kits (၁) ပုံးနှင့် ကလေးကျောင်းဝတ်စုံ ကျား(၁) ဦး၊ မ (၁) ဦးတို့အား (၁-၇-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more
-
မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး(ရုံးသစ်) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁- ၇ – ၂၀၂၀) ရက်နေ့တွင် မကွေးမြို့၊ အောင်မေတ္တာ(က) ရပ်ကွက်ရှိ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ရုံးသစ်) ဖွင့်လှစ်ခြင်းအား အဆိုပါ ရုံးသစ်အဆောက်အဦအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော် (၅) ပါးအား ဆွမ်းကပ် လှူဒါန်း ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #office_dev #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး၊ရေဘေး၊ မိုးကြိုးဘေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စုအတွင်းရှိ ရေကျော်ကျေးရွာ၊ တုံးလှဲကျေးရွာ၊ ခလောက်ပုံ ကျေးရွာ၊ ကျုံဖားကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ထလူးဝါးကျေးရွာနှင့် ကျော်ဇံကျေးရွာတို့အတွင်း ပြည်သူ များအား Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ် အသိ ပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး/ရေဘေး/မိုးကြိုးဘေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ပူးပေါင်း၍ (၁-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စုအတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ကျွန်းချောင်းကျေးရွာ၊ မောင်ငယ်ဝ ကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ စုံထိုးကျေးရွာနှင့် ရွှေလဝင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း များကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ … Read more









