လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်အတူပူးပေါင်း၍ (၆-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မှန်ကူကနစိုချောင်းကျေးရွာအုပ်စုအတွင်းရှိ မှန်ကူကျေးရွာ၊ ကနစိုချောင်း ကျေးရွာ၊ ကျွဲတလင်းကျေးရွာနှင့် တောင်ပို့ထုံးကျေးရွာတို့အတွင်း ပြည်သူများအား Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_tls
#ar_str
#ayy_Jul2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)