လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၃:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ကဇိုင်းရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင် ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mon_Jul2020