မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ (၃၀-၆-၂၀၂၀)ရက်၊ (၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီထိ ကသာမြို့နယ်၊ ကျန်တောကျေးရွာ၊ မိဿလင်းကျေးရွာ၊ စေတီ ကုန်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကပ္ပလိပ်ကျေးရွာ၊ ပေါမမြိုင်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ နန့်လှိုင်ကုန်းကျေးရွာ၊ မံစီကျေးရွာ၊ သာစည်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ မက်လင်ချောင်းကျေးရွာ၊ မဲဟင်းကျေးရွာနှင့် ရွှေပြည်သစ်ကျေးရွာနေ ပြည်သူများအား COVID19 ကူးစက်မြန်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအသိပညာပေး လက်ကမ်း‌စာစောင်များ ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

    ဇူလိုင်လ၁ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းရွာ၊ ဆေးအိုးကျရွာ၊ ခွဆုံရွာ၊ သိန်းတန်ရွာ၊ စက်ခေါ်ရွာ၊ သံခြေရွာ စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၆) နေရာသို့ သွားရောက်၍ ဆပ်ပြာ (၃၁၈၁) တောင့်နှင့် ထုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မြေပြိုဘေးနှင့် ရေဘေးတို့နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မြို့နယ် ပြန်ဆက်၊ မြို့နယ်ကြက်ခြေနီ အဖွဲ့တို့နှင့်အတူ တနင်္သာရီမြို့၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးတို့နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Jul2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နောင်အိုင်ကျေးရွာနှင့် တောင်အောက်ကျေးရွာ တို့၌ (၃၀-၆-၂၀၂၀) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ(၂)ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်ကို (၂-၇-၂၀၂၀) ရက်နေ့ (၀၈:၃၀)အချိန်တွင် ကလေးဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကလေးဝမြို့နယ်အုပ်ချူပ်ရေးမှူးရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #sgg_jul2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊​ နန်းတောင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကမ်းကျေးရွာ၌ (၂၉-၆-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော  မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုကျမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-)ကျပ်တို့ကို (၁-၇- ၂၀၂၀)ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jul2020 Source:           ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့၊ ကျေးတောကျေးရွာအုပ်စု၊ ရွှေပြည်သာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၁၀၄) ဦး၊ နာရီကန်‌ကျေးရွာအုပ်စု၊ နာရီကန်ရွာမကျောင်းတိုက်၌ အိမ်ထောင်စု (၁၈) စု ၊လူဦးရေ (၅၀) ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခါ (၂) ပတ်စာ (၂၂) အိတ် (၁၁) ပြည်တို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_jul2020 Source: … Read more