လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စဉ့်ကူကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ (၄-၇-၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် လေတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ မန်ကျည်းပင်ပြိုလဲကျခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ အိမ် ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၄,၇၀၀)ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၄,၇၀၀)ကျပ်တို့ကို (၅-၇-၂၀၂၀) ရက်နေ့၊ (၁၆:၀၀)အချိန်၌ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_jul2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)