မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၁၂)ခုမှ စုစုပေါင်း တိုက်ပွဲရှောင်အိမ်ထောင်စု(၂၁၉)စု၊ လူဦးရေ (၉၅၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၃၉) အိတ်၊ (၂၀) ပြည်၊ (၄) ဗူးအား (၁၀-၇-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jul2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ ၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေဘေးမှ အမိုးလန် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၅,၀၀၀) ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • (Covid-19) ရောဂါ၊ မိုးကြိုး၊ မုန်တိုင်း၊ ရေ၊ မြေပြိုဘေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်နှင့် ဘိုရားကြီး‌ကျေးရွာတို့တွင် (Covid-19) ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေ ဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_jul2020     Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ဦးဝဲ(တဲတိုက်)၊ ဦးအုန်းသီး (တဲတိုက်)နှင့် နတ်ချောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၁၄) စု၊ လူဦးရေ (၅၃၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၀- ၇-၂၀၂၀) ရက်နေ့ (၁၁:၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် ကျွဲခရံကျေးရွာများတွင် covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုး ဘေး၊ မြေပြိုဘေး၊ ရေဘေး၊ ဗွီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရန် / ရှောင်ရန်နှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူ နံနက် (၈:၀၀)နာရီအချိန်မှ နေလည် (၁၃:၂၀)နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #tny_jul2020 Source: … Read more

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာ၊ ပိုးစာခြံကျေးရွာ၊ လောပိတစံပြကျေးရွာ၊ သတ္တပလူကျေးရွာနှင့် လောပိတကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #kyh_jul2020 Source: MOSWRR