COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရိုက်အုပ်စု၊ (ရိုက်၊ ဖက် ဝန်းကုန်း၊ သရက်တော၊ ဝါးတောချောင်း)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တ လော ဖြစ်ပွားလျှက်ရှိသော  COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့်  မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေး လှည့်လည်နိုးဆော် ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source: ​ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events