Covid-19​ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ​မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၃-၇-၂၀၂၀) ရက်နေ့တွင် ကုန်းပြင်ကျေးရွာ အုပ်စုရှိ ကုန်းပြင်ကျေးရွာ၊‌‌ ဘုရာ‌ချောင်ကျေးရွာ၊ ကမ်းနားစုကျေးရွာ၊ ကျီးပင်‌ကျေးရွာ၊‌ ထုံး‌ပေါ်ကျေးရွာ၊‌ ကျောက်ထပ်ကျေးရွာ၊‌ မျောက်မထားကျေးရွာများ၊ ပိန္နဲကွင်းကျေးရွာအုပ်စု ရှိဇလုပ်မကျေးရွာ၊ သရက်ကုန်းကျေးရွာ၊‌ ကျောင်းကုန်းကျေးရွာ၊ ချင်းကုန်းကြီး ကျေးရွာ၊ သ‌ဘော့ကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားသော ဘေးအန္တရယ်များနှင်ပတ်သက်၍‌ဆောင်ရန်‌ရှောင်ရန် များကို ​ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ အား ဆောင်ရွက်ခဲ့​​ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events