လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicef ၊ စေတနာ့ဝန်ထမ်းတို့နှင့်ပူးပေါင်း၍ (၁၃.၇.၂၀၂၀) ရက်နေ့ နံနက်(၉.၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)၊ အခြေခံပညာအတန်းကျောင်းတို့၌ ဆရာ/ဆရာမ၊ကျောင်းသား/ ကျောင်းသူ၊ ကျောင်းသားမိဘများကို Covid.19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားရန် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားများ လိုက်နာရမည့် ညွှန်ကြားလွှာများဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝှမ်းရောဂါဖြစ်ပွားမှု အခြေအနေများကို သိရှိစေရန် ပြည်သူများအနေဖြင့် ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်း၊ UNDP တံဆိပ်ပါ နှာခေါင်းစည်း၊ ဆပ်ပြာခဲ၊ ပညာပေး လက်ကမ်းစာစောင်၊ လက်စွဲအိတ်များကို ပေးဝေခဲ့ပြီး မိမိကစ ကာကွယ်ပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါစသည့် ပညာပေး ဗီနိုင်းပိုစတာများကို ရှမ်း၊ မြန်မာ(၂)ဘာသာဖြင့် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)