လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာတွင် (၁၂-၇-၂၀၂၀)ရက်နေ့နှင့် (၁၃-၇-၂၀၂၀) ရက်နေ့များတွင် ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၆၀,၉၀၀/-)ကျပ်တို့ကို (၁၃-၇-၂၀၂၀)ရက်နေ့၊(၁၃:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ha_rbe
#mgy_jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)