Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရိုက်အုပ်စု၊ (ရိုက်၊ ဖက် ဝန်းကုန်း၊ သရက်တော၊ ဝါးတောချောင်း)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တ လော ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေး လှည့်လည်နိုးဆော် ခြင်းနှင့် … Read more
-
Covid-19ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၃-၇-၂၀၂၀) ရက်နေ့တွင် ကုန်းပြင်ကျေးရွာ အုပ်စုရှိ ကုန်းပြင်ကျေးရွာ၊ ဘုရာချောင်ကျေးရွာ၊ ကမ်းနားစုကျေးရွာ၊ ကျီးပင်ကျေးရွာ၊ ထုံးပေါ်ကျေးရွာ၊ ကျောက်ထပ်ကျေးရွာ၊ မျောက်မထားကျေးရွာများ၊ ပိန္နဲကွင်းကျေးရွာအုပ်စု ရှိဇလုပ်မကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ချင်းကုန်းကြီး ကျေးရွာ၊ သဘော့ကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားသော ဘေးအန္တရယ်များနှင်ပတ်သက်၍ဆောင်ရန်ရှောင်ရန် များကို ပြည်သူများ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် အိမ်ခြေ (၂၃၀) လုံး၊ အိမ်ထောင်စု (၂၃၀) စု၊ လူဦးရေ (၁၀၅၆) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာတွင် (၁၂-၇-၂၀၂၀)ရက်နေ့နှင့် (၁၃-၇-၂၀၂၀) ရက်နေ့များတွင် ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၆၀,၉၀၀/-)ကျပ်တို့ကို (၁၃-၇-၂၀၂၀)ရက်နေ့၊(၁၃:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #mgy_jul2020 Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာတွင် (၁၀-၇-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၉၀၀,၀၀၀/-)၊ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၄,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၉၄,၅၀၀/-)ကျပ်အား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ (ဒုတိယအကြိမ်)ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ နေ့လယ် (၁၃:၀၀)နာရီအထိ မြောင်းမြ မြို့နယ်အတွင်းရှိ ဂွေးပင်ဆိပ်ကျေးရွာ၊ သုံးခွကျေးရွာ၊ လပွတ်ကုလားကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် ဟောပြောမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









