လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ ၊ အမှတ် (၄) ရပ်ကွက်၊ မြို့မရဲစခန်းရှေ့၌ စိုက်ထူထားရှိသော ရာသီအလိုက် သဘာဝဘေးအန္တရာယ် အသိပညာပေးမြေစိုက်ဆိုင်းဘုတ်နေရာတွင် ရေဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာကို အသစ် လဲလှယ်တပ်ဆင်ခဲ့ပါကြောင်းနှင့် မြစ်ကမ်းဘေးရှိ ရေဝင်ရောက်နိုင်သော ရပ်ကွက်များသို့သွားရောက်၍ ရေဘေးပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_fld
#mdy_Jul2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)