လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၁၂-၇-၂၀၂၀) ရက်နေ့၊ ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၃၂) လုံး၊ ၄င်းအိမ်ထောင်စု (၃၂) စုရှိ လူဦးရေ (၁၃၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၇၅,၁၀၀) ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃,၄၇၅,၁၀၀) ကျပ်ကို ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)