လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိရှိသူများသည် (၁၁-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်ခန့်တွင် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု ဗောဓိကုန်း ကျေးရွာနေ ဦးကျော်မြ (ဘ)ဦးထွီးရှင်မောင်၊ အသက် (၅၇) နှစ် (ရခိုင်/ဗုဒ္ဓ)သည် လယ်ထွန်ရန် သွားရောက်စဉ် (၁၅:၀၀)နာရီအချိန်ခန့်တွင် ဗောဓိကုန်းကျေးရွာ ၏အရှေ့ဘက် (၄) ဖာလုံခန့် အကွာတွင် တောဆင်ရိုင်းတစ်ကောင်၏ နင်းသတ်မှုခံရ၍ သေဆုံးခဲ့ရပါသဖြင့် သေဆုံးသူ၏ ဇနီးသည်ထံ (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်ခန့်တွင် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
#ha_otr
#rke_jul2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)