Latest News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ် နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရပ်ကွက် (၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း ၊ IDPs စခန်း (၁၀) ခုမှ အိမ်ထောင်စု (၂၆၅) စု၊ လူဦးရေ (၁၃၁၇) ဦးအတွက် ဆပ်ပြာ (၁၃၁၇) ခဲ နှင့်ထုံး (၁၀၀) … Read more
-
Covid-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၃-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင် ကျွန်းမြို့နယ်၊ နုံးကျွံကျေးရွာအုပ်စုအတွင်းရှိ နုံးကျွံကျေးရွာ၊ လေးထပ်ကြီး ကျေးရွာနှင့် အောက်ချွန်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိ လိုက်နာရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေညာချက်များ အား လော်စပီကာများဖြင့် လှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး စသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့ နယ်၊ တောကြီးကျေးရွာအုပ်စု၊ တောကြီးကျေးရွာ၊ ကူတိုပေါက်ကျေးရွာနှင့် အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတို့တွင် (၈-၇-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၁၀၀,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၂၀၀,၈၀၀/-)ကျပ်အား (၁၃-၇-၂၀၂၀) ရက်နေ့၊ … Read more
-
Covid-19ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့ပေါ်ရှိ ရပ်ကွက်(၁၃)နှင့် ရပ်ကွက်(၁၄)တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicef ၊ စေတနာ့ဝန်ထမ်းတို့နှင့်ပူးပေါင်း၍ (၁၃.၇.၂၀၂၀) ရက်နေ့ နံနက်(၉.၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)၊ အခြေခံပညာအတန်းကျောင်းတို့၌ ဆရာ/ဆရာမ၊ကျောင်းသား/ ကျောင်းသူ၊ ကျောင်းသားမိဘများကို Covid.19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားရန် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားများ လိုက်နာရမည့် ညွှန်ကြားလွှာများဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝှမ်းရောဂါဖြစ်ပွားမှု … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေး ရွာတို့တွင်(၁၃-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၉) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၉) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၁၀၂,၉၀ဝ/-)ကျပ် ၊ စုစုပေါင်းတန်ဖိုးငွေ (၁,၀၀၂,၉၀ဝ/-)ကျပ်အား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ … Read more









