လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရန် Handspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြိီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jul2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)