ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့မှ(၁၄-၇-၂၀၂၀)ရက်နေ့ထိ ဧရာဝတီမြစ်၊ မြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ် ကွက်နှင့် ခွန်သာရပ်ကွက် စုစုပေါင်း အိမ်ထောင်စု (၂၄၂) စု၊ လူဦးရေ (၉၄၅) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၁,၉၈၄,၅၀ဝ/-)ကျပ်၊ အဝတ်mask လူ (၁) ဦး (၁) ခုနှုန်းဖြင့် (၉၄၅) ခုနှင့် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာချောင်း (၁) ချောင်းနှုန်းဖြင့် (၂၄၂) ချောင်းတို့အား (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ့ထံသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_jul2020

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events