
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၂)ရပ်ကွက်၊ အပိုင်း(၃)တွင် (၁၃-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၈,၉၀ဝ) ကျပ်အား (၁၄-၇-၂၀၂၀) ရက်နေ့ (၁၄:၀၀) အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy _jul 2020