Latest News
-
ရေစဉ်၊ ရေစက်၊ ရေတွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စံပါယ်မျှောင်ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် သောက်သုံးရေရှားပါးပြတ်လပ်သည့်အတွက် ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသည်မှ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ(၈၀၅၅၀၀၀ိ/-)ကျပ်ဖြင့် တည်ဆောက်ခဲ့သော ရေစဉ်၊ ရေစက်၊ရေတွင်း တည်ဆောက်ပြီးစီးမှုအခြအနေအား (၂-၁၁-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှကာကွယ်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ယာယီကမ်းထိန်းလုပ်ငန်း Floating Unit အလျား(၅၀၀)ပေနှင့် Steel Cable Groyne(၁၀၀)ပေ(၁၁) ချောင်းအတွက် စုစုပေါင်းကုန်ကျငွေ(၃၁၂)သိန်းအား ပြည်ခရိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်ပြီးစီးပြီးဖြစ်သည့်အတွက် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ဖြစ်သည့် BRCB(T) အဖွဲ့ဖြင့်အရည်အသွေးစစ်ဆေးခြင်းအား(၁-၁၁-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခရိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှ နေ့လည် (၁၂:၀၀) နာရီချိန်ထိ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျားကွင်းကျေးရွာနှင့် သာယာကုန်းကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့ စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အရေးပေါ်ကယ်ဆယ်ရေးသုံးစက်လှေ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ဇလုံကျေးရွာအတွက် လိုအပ်လျှက်ရှိသော ၂၄ပေ၊ ၃.၅ပေ၊ ၇.၅hp အင်ဂျင်ပါ အရေးပေါ်ကယ်ဆယ်ရေးသုံးစက်လှေ(၁)စင်း (တန်ဖိုးငွေ- ၂၅၀၀၀၀ဝိ/-)အား (၁.၁၁.၂၀၂၀)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_nov2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၃၀.၁၀.၂၀၂၀)နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာအုပ်စု၊ ကုန်းကြီးအောက်ကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့တွင် မိုးသက်လေပြင်းကြောင့် ပြိုလဲအိမ်(၂)လုံးနှင့် အမိုးလန်အိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၂)ပုံး၊ လူ (၁၁)ဦးအတွက် ဆန်ဘိုး (၂၃၁၀၀) စုစုပေါင်း (၂၇၃၁၀၀)အား (၁.၁၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)အချိန်တွင် သွားရောက်ထောက်ပံခဲ့ကြောင့် သတင်းရရှိပါသည်။ #ha_sgw #bgo_nov2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးနေအိမ် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၀-၂၀၂၀) ရက်နေ့ ညနေ(၁၈:၁၇)အချိန်ခန့်၌ ကျောက်ပန်းတောင်းမြို့ ၊ ဘူတာရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အတွင်းရှိ ကန္တာရပင်ပြိုလဲမှုကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈၄၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/_)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀ဝိ/_)ကို (၁-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀) အချိန်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mdy_nov2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)









