လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စံပါယ်မျှောင်ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် သောက်သုံးရေရှားပါးပြတ်လပ်သည့်အတွက် ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသည်မှ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ(၈၀၅၅၀၀၀ိ/-)ကျပ်ဖြင့် တည်ဆောက်ခဲ့သော ရေစဉ်၊ ရေစက်၊ရေတွင်း တည်ဆောက်ပြီးစီးမှုအခြအနေအား (၂-၁၁-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_nov2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)