လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှကာကွယ်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ယာယီကမ်းထိန်းလုပ်ငန်း Floating Unit အလျား(၅၀၀)ပေနှင့် Steel Cable Groyne(၁၀၀)ပေ(၁၁) ချောင်းအတွက် စုစုပေါင်းကုန်ကျငွေ(၃၁၂)သိန်းအား ပြည်ခရိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်ပြီးစီးပြီးဖြစ်သည့်အတွက် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ဖြစ်သည့် BRCB(T) အဖွဲ့ဖြင့်အရည်အသွေးစစ်ဆေးခြင်းအား(၁-၁၁-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခရိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_nov2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)