မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၃၀.၁၀.၂၀၂၀)နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာအုပ်စု၊ ကုန်းကြီးအောက်ကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့တွင် မိုးသက်လေပြင်းကြောင့် ပြိုလဲအိမ်(၂)လုံးနှင့် အမိုးလန်အိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၂)ပုံး၊ လူ (၁၁)ဦးအတွက် ဆန်ဘိုး (၂၃၁၀၀) စုစုပေါင်း (၂၇၃၁၀၀)အား (၁.၁၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)အချိန်တွင် သွားရောက်ထောက်ပံခဲ့ကြောင့် သတင်းရရှိပါသည်။

 

#ha_sgw

#bgo_nov2020

Source:           ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events