
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှ နေ့လည် (၁၂:၀၀) နာရီချိန်ထိ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျားကွင်းကျေးရွာနှင့် သာယာကုန်းကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့ စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_nov2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)