ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၂၃) ရက်နေ့၊ (၂၂း၀၀)နာရီအချိန်ခန့်တွင် ပုလောမြို့နယ် အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်းရပ်မှ သေဆုံးသူ (၂) ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တို့အား (၄-၅-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သေဆုံးသူ၏ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_tls #tny_may2023

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် (၂၈-၂-၂၀၂၃)ရက်နေ့၌ လတ်တလော အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူအတွက် ရန်ပုံငွေ (၃,၀၉၁,၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စုအလိုက် ထောက်ပံ့ခြင်းတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက (၃၁-၃-၂၀၂၃)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။ #sgg_may2023 Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာနခွဲ (အထက်မြန်မာပြည်-ဘစမ)

  • သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော(ဂျီ)ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော(ဂျီ)ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာ၌ (၁-၅-၂၀၂၃)ရက်နေ့(၀၂း၂၀)အချိန်တွင်ဖြစ်ပွားသော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀ိ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀ဝိ/-)ကျပ်နှင့် အိမ်​ထောင်စု(၂)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂)ပုံးနှင့် စက္ကူကတ္တူပုံး(၂)ပုံးတို့အား (၁-၅-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း ​သတင်းရရှိပါသည်။ #ha_fir #bgo_apr2023 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၃) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၁)လုံးမှ လူဦးရေ (၂)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ  (၁)ပုံး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၂၀၀၀၀၀/-) နှင့်  ဆန်ရိက္ခာရန်ပုံငွေ  (၄၂၀၀/-)အာဟာရ ဖြည့်စွက်စာ လူ(၁)ဦးလျှင်  ကြက်ဥ (၃)လုံးနှုန်းဖြင့်  လူ(၂)ဦးအတွက်  (၆)လုံး ကျသင့်ငွေ (၁၈၀၀/-) ကျပ်၊ စုစု ပေါင်းရန်ပုံငွေ (၂၀၆၀၀၀/-)ကျပ်တို့အား  (၂၉-၄-၂၀၂၃)ရက်နေ့၊ … Read more

  • သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၈၀၀၀ဝ/-)၊ လူဦးရေ (၂၇)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၅၆၇၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၆၇၀ဝ/-) ကျပ်တိတိအား (၂၈ – ၄ -၂၀၂၃) ရက်နေ့၊ (၁၂:၃၀) အချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_apr_2023 Source: … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်း ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်  ဘေးသင့်အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၄၄)ဦးတို့အတွက်  စုစုပေါင်း  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၀၂,၄၀၀/-)၊ အိမ်နှင့်ကျောင်းဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်းကျပ်(၁,၁၄၇,၀၀၀/-)နှင့် (၄၆,၀၃၆/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး (၃) ပုံးတို့အား (၂၇-၄-၂၀၂၃) ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၌  ဘေးသင့်ပြည်သူများလက်ဝယ်သို့ ‌သွား​ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_apr_2023 Source: ပြည်ထောင်စုနယ်မြေ၊ … Read more