သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၈၀၀၀ဝ/-)၊ လူဦးရေ (၂၇)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၅၆၇၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၆၇၀ဝ/-) ကျပ်တိတိအား (၂၈ – ၄ -၂၀၂၃) ရက်နေ့၊ (၁၂:၃၀) အချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_apr_2023

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events