ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်း ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်  ဘေးသင့်အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၄၄)ဦးတို့အတွက်  စုစုပေါင်း  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၀၂,၄၀၀/-)၊ အိမ်နှင့်ကျောင်းဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်းကျပ်(၁,၁၄၇,၀၀၀/-)နှင့် (၄၆,၀၃၆/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး (၃) ပုံးတို့အား (၂၇-၄-၂၀၂၃) ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၌  ဘေးသင့်ပြည်သူများလက်ဝယ်သို့ ‌သွား​ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_apr_2023

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events