မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၂၃) ရက်နေ့၊ (၂၂း၀၀)နာရီအချိန်ခန့်တွင် ပုလောမြို့နယ် အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်းရပ်မှ သေဆုံးသူ (၂) ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တို့အား (၄-၅-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သေဆုံးသူ၏ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_tls

#tny_may2023

Sign Up

Upcoming Events