မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၃) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၁)လုံးမှ လူဦးရေ (၂)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ  (၁)ပုံး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၂၀၀၀၀၀/-) နှင့်  ဆန်ရိက္ခာရန်ပုံငွေ  (၄၂၀၀/-)အာဟာရ ဖြည့်စွက်စာ လူ(၁)ဦးလျှင်  ကြက်ဥ (၃)လုံးနှုန်းဖြင့်  လူ(၂)ဦးအတွက်  (၆)လုံး ကျသင့်ငွေ (၁၈၀၀/-) ကျပ်၊ စုစု ပေါင်းရန်ပုံငွေ (၂၀၆၀၀၀/-)ကျပ်တို့အား  (၂၉-၄-၂၀၂၃)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်  ဘေးသင့်ခဲ့သည့်ပြည်သူများအား သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_fir

#ayy_apr_2023

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events