ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုအတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုတို့၌ (၁၅-၉-၂၀၂၃) ရက်နေ့နှင့် (၁၇-၉-၂၀၂၃) ရက်နေ့တို့တွင်  ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့်အိမ်ခြေ(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀၀/-)၊ စုစုပေါင်းလူဦးရေ(၁၀၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၈၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၇၂၈၉၀၀/-)တိတိအား (၁၉-၉-၂၀၂၃)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2023 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မုဒုံမြို့နယ်၊ အ.လ.က(သင်္ဘောဉီး)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ အ.လ.က(သင်္ဘောဉီး)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၁၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၌ (၁၆-၉-၂၀၂၃)ရက်နေ့ (၀၀:၁၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအ​တွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)နှင့် လူဦးရေ (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄,၂၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄,၂၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၂၃)ရက်နေ့ (၁၄:၂၀)နာရီအချိန် တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2023

  • ဟင်္သာတခရိုင်အတွင်း ကမ်းပြိုဘေး၊ လေပြင်းဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာတို့၌ (၉-၉-၂၀၂၃) ရက်နေ့မှ (၁၀-၉-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀၀/-)၊ စုစုပေါင်းလူဦးရေ (၇၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၆၄၇၀၀၀/-)အား (၁၅-၉-၂၀၂၃) ရက်နေ့၊ (၁၂:၃၀)  နာရီတွင်လည်းကောင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုတို့၌ (၁၂-၉-၂၀၂၃) ရက်နေ့နှင့် (၁၃-၉-၂၀၂၃)  ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် … Read more

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၅-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၅-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-   ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတင်ပို့မှုအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ M.V ရတနာပန်းတောင်းဖြင့် ၁၈၃၉.၄၃၅ တန် တင်ပို့နိုင်ခဲ့ပါသည်။   မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂-၈-၂၀၂၃) မှစ၍ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) ပြင်ဆင်ပြီးဖြစ်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။   စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၄၂,၃၃၉) … Read more

  • ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌  (၁၃-၉-၂၀၂၃)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ် (၂)လုံး အတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)နှင့် လူဦးရေ(၅)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ငွေ (၁၀,၅၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀/-)ကျပ်တို့အား (၁၄-၉-၂၀၂၃) ရက်နေ့ (၁၂:၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2023