ဟင်္သာတခရိုင်အတွင်း ကမ်းပြိုဘေး၊ လေပြင်းဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာတို့၌ (၉-၉-၂၀၂၃) ရက်နေ့မှ (၁၀-၉-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀၀/-)၊ စုစုပေါင်းလူဦးရေ (၇၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၆၄၇၀၀၀/-)အား (၁၅-၉-၂၀၂၃) ရက်နေ့၊ (၁၂:၃၀)  နာရီတွင်လည်းကောင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုတို့၌ (၁၂-၉-၂၀၂၃) ရက်နေ့နှင့် (၁၃-၉-၂၀၂၃)  ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀/-)၊ စုစုပေါင်းလူဉီးရေ(၂၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၄၈၃၀၀/-)အား (၁၅-၉-၂၀၂၃) ရက်နေ့၊ (၁၄:၀၀)နာရီတွင်လည်းကောင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်အုပ်စု၊ ယင်းဆယ်ကျေးရွာ၌ (၁၃-၉-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄၂၀၀/-)တို့အား  (၁၅-၉-၂၀၂၃) ရက်နေ့၊ (၁၄:၀၀)နာရီတွင်လည်းကောင်း၊ မြန်အောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊  ရွှေဘုံသာဘုရားတန်ဆောင်း၊ ရေဘေးကာကွယ်ရေးစခန်းရှိ ရေဘေးသင့် အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၀၉၀၀)နှင့် ကာဘော်လိပ်ဆပ်ပြာ (၇)တောင့်တို့အား (၁၅-၉-၂၀၂၃) ရက်နေ့၊ (၁၄:၀၀)နာရီတွင်လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ha_sgw

#ha_fld

#ayy_sep2023

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events