ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌  (၁၃-၉-၂၀၂၃)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ် (၂)လုံး အတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)နှင့် လူဦးရေ(၅)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ငွေ (၁၀,၅၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀/-)ကျပ်တို့အား (၁၄-၉-၂၀၂၃) ရက်နေ့ (၁၂:၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#mon_sep2023

Sign Up

Upcoming Events