ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၅-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၅-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတင်ပို့မှုအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ M.V ရတနာပန်းတောင်းဖြင့် ၁၈၃၉.၄၃၅ တန် တင်ပို့နိုင်ခဲ့ပါသည်။

 

မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂-၈-၂၀၂၃) မှစ၍ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) ပြင်ဆင်ပြီးဖြစ်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

 

စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၄၂,၃၃၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။

 

ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။

 

ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား (၅၄၄) ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀၁) ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံ/ တိုက်နယ် ဆေးရုံများတွင် ပြင်ပလူနာ (၇၀,၆၀၀)ဦး၊ ဆေးရုံတက်လူနာ (၄၇,၁၆၂)ဦးနှင့် နေ့စဉ် ပျမ်းမျှအတွင်းလူနာ (၁,၄၀၀) ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု (၃၁,၅၅၈)ဦး၊ အခြားကျန်းမာရေး စောင့်ရှောက် မှု (၃၂၉,၈၉၇) ဦး၊ ရေသန့်ဆေးပြား ဖြန့်ဝေမှု (၄၀၀,၆၇၄) လုံး၊ ရေတွင်း/ ရေကန်သန့်စင်ခြင်း (၇,၂၆၈) ကန်၊ ကျန်းမာရေးအသိပညာပေးခြင်း (၃၂,၆၅၁)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၂၇၄,၂၇၂) ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

 

သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ၂၀ လီတာဆံ့ရေပုံး (၁၅၀၀) ပုံး၊ Mobile Solar စနစ် (၂၀) စုံ၊ ရေသန့်စင်ပုံး Life-Straw (၄၁၀) ပုံးတို့ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁,၇၇၈,၈၂၆) ဂါလံရှိပါသည်။

 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် ရန်ပုံငွေကျပ် (၁,၅၄၅) သန်းဖြင့် ကျေးရွာ (၁၀၃) ရွာတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေလွှဲပြောင်းပေးခြင်းကို (၁၀၃) ရွာတွင် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကာ ကျေးရွာ (၉၃) ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်၍ ၂၀၂၃-၂၀၂၄ တွင် စုစုပေါင်းကျေးရွာ (၆)ရွာ ရွေးချယ် အတည်ပြုကာ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ (၆) ရွာ၌ ရန်ပုံငွေလွှဲပြောင်းပြီးဖြစ်ပါသည်။

 

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၁၀)ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများပြီးစီးခဲ့ပြီး ကျေးရွာ(၁၀)ရွာရှိ အိမ်ထောင်စု (၅၆၉) စုအတွက် အရင်းအနှီးအဖြစ် ငွေကျပ် (၂၃၆.၇) သန်းကို ထုတ်ချေးပြီးစီးခဲ့ပါသည်။

 

ရေငန်တားတာ(၇)ခုနှင့် မြေသားရေကန်(၂၃၃)ကန်တို့အား ပြင်ဆင်ခြင်း (၁၀၀%)ပြီးစီးပြီဖြစ်ပါသည်။

 

လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ်ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိသုံးစွဲနေပြီဖြစ်ပါသည်။

မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်၌ မိုးစပါးထွန်စက်မှု (၁၉,၉၂၉) ဧက ပြီးစီးပြီဖြစ်၍ ထွန်စက်များကို ပြန်လည်သိမ်းဆည်းမှုဆောင်ရွက်လျက်ရှိပါသည်။

 

တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့်  ကျွဲ/နွား အကောင်ရေ (၁၂,၀၈၂)ကောင်၊ ဝက် (၁၉၆)ကောင်၊ သိုး/ဆိတ် (၃၅) ကောင်နှင့် ကြက် (၁,၄၀၀)ကောင်တို့ကို ထိုးနှံပေးနိုင်ခဲ့ပါသည်။

 

မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၁,၀၀၅,၉၈၉) (၁၀၀.၄၀%)၊ ပျိုးထောင်ပြီးဧက (၄၄၃,၀၁၅)၊ စိုက်ပျိုးပြီးဧက (၁,၀၀၅,၉၈၉) (၁၀၀.၄၀%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၉၉,၀၂၈) အိတ်တို့ကို ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါသည်။

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၉၆ %နှင့် ပညာရေးကဏ္ဍတို့အတွက် အခြေခံပညာ အဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၇%၊ အဆင့်မြင့်ပညာအဆင့် ကျောင်းများပြင်ဆင်မှုအနေဖြင့် ၉၅ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင် (၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ (၄,၈၀၆)လုံး၊ သွပ် (၆၄၁,၇၂၈)ချပ်၊ သွပ်သံ (၆၄.၀၆၀)တန်၊ အိမ်ရိုက်သံ (၇၆.၉၆၆)တန်၊ ခေါက်ဆွဲခြောက် (၃၅၉,၇၅၃) ထုပ်၊ (၅၀၉)ကီလို၊ (၁၂,၆၁၁)ဖာ၊ ဆန် (၂၈၄,၈၄၀)အိတ်၊ (၇၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ ပင်ကျပ်တိုင် (၇၅၂၃.၄၆)တန် စစ်တွေမြို့သို့ရောက်ရှိပြီး ရန်ကုန်တွင် (၈၀)တန်တို့ကို အသင့်ပြင်ဆင်ထားရှိကာ ချင်းပြည်နယ်သို့ ဆန် (၁,၅၉၃)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

Sign Up

Upcoming Events