ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၌ (၁၆-၉-၂၀၂၃)ရက်နေ့ (၀၀:၁၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအ​တွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)နှင့် လူဦးရေ (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄,၂၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄,၂၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၂၃)ရက်နေ့ (၁၄:၂၀)နာရီအချိန် တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#mon_sep2023

Sign Up

Upcoming Events